Dr Khin Maung Win Bio



ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

ကိုယ်ရေးအကျဉ်း (၁၉၄၀ - )

ဒေါက်တာခင်မောင်ဝင်းသည် အဘဦးခင်မောင်လတ်၊ အမိဒေါ်ခင်မျိုးချစ်တို့ မှ ၁၉၄၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်၌ ဖွားမြင်သည်။

၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဝဂ္ဂီကျောင်းမှဆယ်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်တက်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် သင်္ချာအထွေထွေဂုဏ်ထူး BA (General)  ဘွဲ့ကိုရရှိသည်။

၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (သင်္ချာ) MA (Maths) ကို ရရှိ ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ဒေါ်ခင်ညွန့်ရီ (ခေါ်) တက္ကသိုလ်ရွှေရီဝင်းနှင့် အိမ်ထောင်ကျ ပြီး သားနှင့်သမီး အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်းတို့ကို ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပညာတော်သင်သွားပြီး ၁၉၇၀ ပြည့်နှစ်တွင် ကွန်းတက္ကသိုလ် (Caen) မှ ဒေါက်တာဘွဲ့  PhD ကို ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ပုသိမ်ဒီဂရီကောလိပ် (ယခု တက္ကသိုလ်)၊ တက္ကသိုလ် စာပေးစာယူသင်တန်းဌာန (ယခု အဝေးသင်တက္ကသိုလ်) တို့ တွင် အမှုထမ်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ သင်္ချာပါမောက္ခရာထူးမှအနား ယူခဲ့သည်။

အမှတ် ၅၀၅/၈၊ ပြည်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တွင် နေထိုင် လျက်ရှိပါသည်။

0 comments:

Post a Comment

Category

Popular Posts

Powered by Blogger.