Bio for Khin Myo Chit



ဒေါ်ခင်မျိူးချစ် (၁၉၁၅-၁၉၉၉)

၁၉၁၅- မေလ(၁)ရက်နေ့တွင် အဖဦးတော်(ရာဇဝတ်ဝန်ထောက်)၊ အမိဒေါ်သန်းတင်တို့မှ မွေးဖွားသည်။ ငယ်နာမည် မခင်မြ ဖြစ်သည်။ အဘိုးမှာ မြန်မာပညာရှိ စတုရင်္ဂဗလဘွဲ့ရ ဦးဖေ ဖြစ်သည်။

၁၉၃၂ - မိတ္ထီလာမြို့၊ အမျိုးသားအထက်တန်းကျောင်းမှ ၁၀တန်း အောင်သည်။

ဆာဝေါ်လတာစကော့ (Sir Walter Scott) ၏ မျိုးချစ်စိတ်ဓာတ်အကြောင်းကဗျာကို တေးထပ်အဖြစ် စပ်ဆိုခြင်းကြောင့်''ခင်မျိုးချစ်'' ဟူသောအမည်ကို ရရှိသည်။

မခင်မြအစား ခင်မျိုးချစ် ဟူသောအမည်တွင်သည်။

၁၉၃၇ - တိုးတက်ရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင်အယ်ဒီတာအဖွဲ့ဝင်။

၁၉၃၈- တက္ကသိုလ်ကျောင်းသားများ တတိယသပိတ်တွင် ပြင်ပမှ တက်ကြွစွာပါဝင်သည်။

၁၉၃၉ - ဦးခင်မောင်လတ်(အယ်ဒီတာချုပ်၊ လုပ်သားပြည်သူနေ့စဉ် အင်္ဂလိပ်သတင်းစာ၊ အင်္ဂလိပ်စာဆရာ၊ နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) နှင့်လက်ထပ်သည်။

၁၉၄၀ - သားတစ်ယောက် ဖွားမြင်သည်။

၁၉၄၁-၄၅- ဂျပန်ခေတ် ဘီဒီအေ (Burma Defense Army) တွင် အမှုထမ်းသည်။ ထိုစဉ် (Three Years Under the Japs) ''သုံးနှစ်တာ ဂျပန်လက်အောက်ခံ''စာအုပ်ကိုရေးသားခဲ့သည်။

၁၉၄၇ - အိုးဝေသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ စနေနဂါးနီ၊ ဇဝန ဂျာနယ်တို့တွင် ပင်တိုင်ဆောင်းပါးရှင်။

၁၉၄၈ - တိုင်းရင်းသူဂျာနယ်အယ်ဒီတာအဖွဲ့ဝင်၊ အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့၌ကျင်းပသော အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံ တက်ရောက်သည်။ (အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်၊ အဖွဲ့ဝင်ဒေါက်တာသာလှ၊ ဦးသိန်းဟန်(ဇော်ဂျီ)တို့နှင့်အတူ) ၁၉၄၉ မှ ၅၂- စာပေဗိမာန်တွင် အမှုထမ်းသည်။

၁၉၅၂ - ရန်ကုန်တက္ကသိုလ်မှ (BA) ဘီအေဘွဲ့ရသည်။

၁၉၅၂ မှ ၅၃- နည်းပြ၊ အင်္ဂလိပ်စာဋ္ဌာန၊ ရန်ကုန်တက္ကသိုလ်။

၁၉၅၅- Guardian Magazine တွင် ပင်တိုင်ဆောင်းပါးများ အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။

၁၉၅၈မှ ၆၂- ဂါးဒီးယန်းသတင်းစာတိုက်တွင် လက်ထောက်အယ်ဒီတာ အဖြစ်အမှုထမ်းသည်။

၁၉၆၃မှ ၆၈- လုပ်သားပြည်သူ့သတင်းစာ (အင်္ဂလိပ်) The Working People's Daily တွင် လက်ထောက်အယ်ဒီတာအဖြစ် အမှုထမ်းသည်။

၁၉၇၀ - အရှေ့တောင်အာရှိနိုင်ငံများမှ စာရေးဆရာများ အင်္ဂလိပ် ဘာသာဖြင့် ဝတ္ထုပွဲတွင် Her Infinite Variety ဝတ္ထုတိုဖြင့် ပထမဆု ရသည်။

၁၉၇၁ - မိသားစုအတွက် ''ပျော်တော်ဆက်''ဟာသစာစောင် အယ်ဒီတာ။

၁၉၈၃ - မတ်လ၊ လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ရသည်။

၁၉၈၀မှ ၈၅- သောင်းပြောင်းထွေလာ၊ ရယ်စရာ၊ စာစောင်တွင် ပင်တိုင်ဆောင်းပါးရှင်။

၁၉၉၉ - ဇန်နဝါရီ(၂) ရက် စနေနေ့တွင် ကွယ်လွန်သည်။ သား ဒေါက်တာခင်မောင်ဝင်း၊ သင်္ချာပါမောက္ခ (အငြိမ်းစား) ကျန်ရစ်သည်။

၁၉၆၈ မှ ၁၉၉၉ထိ ဆောင်းပါးများစာအုပ်များ၊ အင်္ဂလိပ်စာနှင့်မြန်မာ နှစ်ဘာသာဖြင့်ထုတ်ဝေခဲ့သည့်အနက် ထင်ရှားသောအင်္ဂလိပ်စာအုပ်များမှာ ...

13 Carat Diamond

Colorful Burma

Flowers and Festivals

Anawrahta of Burma

A Wonderland of Burmese Legend

Gift of Laughter

ဘာသာပြန် စာအုပ်အချိူ့မှာ ...

မိုက်ကယ်အိန်ဂျယ်လို

စွန့်ခဲ့ရ ကျွန်မဘဝပါရှင်

နှစ်လောက တိုက်ပွဲ

ဥရောပစာပေ ရှေးခေတ်နှင့် အလယ်ခေတ်(၁၉၇၀)

ဥရောပ ယဉ်ကျေးမှုအနုပညာ မိတ်ဆက် (၁၉၇၆)




0 comments:

Post a Comment

Category

Popular Posts

Powered by Blogger.